မသိလို့မေးနေရတာတွေ


အဲသလို
စုန်းစုန်းမြုပ်သွားလို့ မြုပ်လား။
အဲသလို
ကိုယ်လွတ်ရုန်းသွားလို့ လွတ်လား။
အဲသလို
ခြေရာဖျောက်သွားလို့ ပျောက်လား။
စကားမစပ်
ရေကမ္ဘာမှာ နေသာပါရဲ့လား။
အဲဒီမှာ
ငါးကြီးဧရာကော မတွေ့မိဘူးလား။ ။

ခင်ဇော်မြင့်

No comments:

Post a Comment