ကော်ဖီ


သကြားကလည်းပျော်
နို့ဆီကလည်းပျော်
ကော်ဖီက မပျော်ဘူး

ရင်ခုန်တယ်
ဇောချွေးပျံတယ်
မြွေနဂါးလိုလို
တိုးနယားလိုလို
နှလုံးသားထဲ လှည့်ပတ်လောင်မြိုက်နေသော
တောမီးလိုလို

ဒီဇာတ်လမ်းကို ရာသက်ပန် လွမ်းရတော့မယ်
သူ့နေရာ အစားထိုးဖို့မှ မလွယ်ပဲ ။

ခင်ဇော်မြင့်

No comments:

Post a Comment