19 August, 2015

ပုံပြောသူ ၈


နေပူပူ မိုးရွာရွာ
ထီးပါတော့မှ ဖွင့်ဆောင်းပေါ့။
မစဉ်းစားတတ်ဘူး
ထီးကို တုတ်ကောက်လိုကိုင်လျက်
နေပူ
မိုးဖွဲဖွဲထဲ
ခပ်တည်တည်ပဲ အဲဒီလူ
လမ်းလျှောက်လျက်။
အဲဒါ
သူ "ရှက်တတ်မှု" တဲ့။
အတော်တော့
ခွကျတာပဲ။

အောင်ချိမ့်

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home