ဘယ်လောက်မှ မကျပါဘူး
ထည့်ပေါင်း
ထည့်ပေါင်း
နှစ်တွေထည့်ပေါင်း ၊ခေတ်ကို ထည့်ပေါင်း
ရထားကို ထည့်ပေါင်း
လမ်းလျှောက်တာ ထည့်ပေါင်း
ဇီးယို၊ဇီးသီး၊ဇီးပြား ထည့်ပေါင်း
အာပလာ ထည့်ပေါင်း
ပါပလာ ထည့်ပေါင်း
ဒုက္ခ ထည့်ပေါင်း
သွေး ထည့်ပေါင်း
ဟာသ ထည့်ပေါင်း
၁၉၈၈ ထည့်ပေါင်း
၂၀၀၇ ထည့်ပေါင်း
၂၀၀၈ ထည့်ပေါင်း
ပြန်လှည့်ပြီး၁၉၉၀ ထည့်ပေါင်း
၂၀၁၁+၂၀၁၂ ထည့်ပေါင်း
သက်မွန်မြင့်ကို ထည့်ပေါင်း
ငါ့ကို ထည့်ပေါင်း
နာဠာဂီရိကို ထည့်ပေါင်း
ဟိုမအေပေးကို ထည့်ပေါင်း
ငါ့သူငယ်ချင်းကို ထည့်ပေါင်း
ထည့်ပေါင်း
ထည့်ပေါင်း
အဲဒါဘယ်လောက်လဲ။
ဘယ်လောက်မှမကျပါဘူး။
တန်ပါတယ်
အများကြီးတန်ပါတယ် ။
အောင်ချိမ့်
Labels: အောင်ချိမ့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home