10 August, 2015

သံသရာ


သူတို့
ဘာမှမတော်ကြပါဘူး

သူတို့မျက်နှာတွေက ခပ်ဆင်ဆင်
သူတို့စကားလုံးတွေက ခပ်ဆင်ဆင်
သူတို့ကောင်းကင်တွေက ခပ်ဆင်ဆင်
တစ်ယောက်ရဲ့မျက်ရည်ကို
တစ်ယောက်က မီးလှုံ ကြ

တစ်ယောက်ရဲ့အိပ်မက်ကို
တစ်ယောက်က ထွန်ယက်ကြ

တစ်ယောက်ရဲ့ပင်လယ်မှာ
တစ်ယောက်က သောင်ထွန်းကြ

တစ်ယောက်ရဲ့ အသည်းနှလုံးကို
တစ်ယောက်က ဘာသာပြန်ကြ

သူတို့
ဘာမှမတော်ကြပါဘူး
ကံက ကံမကောင်းဘူးတဲ့
လမ်းဟာ လမ်းပျောက်နေတယ်တဲ့
သူတို့
ဘာမှမတော်ကြပါဘူး  ။

သစ္စာနီ

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home