မေတ္တာမျက်လုံးများ ကွယ်တဲ့အခါ
ကြိုးဟာ
မြွေဖြစ်လာ
ချောကလက်တောင့်နဲ့ ပုံတူရေးကြရမဲ့အစား
ကျည်ဆံနဲ့သာ ရေးခဲ့မိကြ။
ဘယ်တော့မှ
ငါတို့ဟာ
တစ်ယောက်ကို တစ်ယောက်
မြင်နိုင်ကြလိမ့်မယ် မဟုတ်တော့။ ။
စံညိမ်းဦး
(ကမ္ဘာထဲက စစ်ပွဲများသို့)
၂၀၁၁ ခုနှစ်။ မတ်။ ပိတောက်ပွင့်သစ်
Labels: စံညိမ်းဦး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home