မီးလျှံထဲ
နတ်ရေကန်လို ခုန်ချ
ဘဝအသစ်တခုရတယ်
အရုဏ်က ငါတို့ အာရုံထဲ စိမ့်ဝင်လာတယ်
နွေရဲ့ လှံ
မိုးရဲ့ မြား
ဆောင်းရဲ့ ဓား
လောကဓံ ဓာတ်ကြိုးများအပေါ် သီချင်းဆိုခဲ့
အစာရေစာ ရှားပါးလို့
စိတ်ညစ်စရာများ များလို့
ငှက်တွေ ကိုယ့်ကိုယ်ကို သတ်သေတာ
မြင်ဖူး ကြာဖူးသလား
ငါတို့က
တောင်ပံမပါဘဲ ကောင်းကင်မှာ ကျက်စားခဲ့ကြတယ်။
ဝေးခေါင်
မြားနတ်မောင် ။ အောက်တိုဘာ ။ ၂၀၀၂
No comments:
Post a Comment