Showing posts with label မြေမှုန်လွင်. Show all posts
Showing posts with label မြေမှုန်လွင်. Show all posts

လ လ လွမ်းလွမ်းလိုက်ရတာ မ မ မ မအေးရယ်

သ သ သ သတိရလို့ ဒ ဒ ဒ ဒီစာကိုရေးလိုက်ပါတယ်
မ မ မ မင်းမှာ က က ကို့ ကိုယ့်အပြင်
န န န နောက်တစ်ယောက် ရှိနေပြီဆိုတာ
တ တ တ တိလိုက်ရတဲ့အခါ ကို ကို ကိုယ်ကြေကွဲသွားပါပြီ
မ မ မင်းမင်းတိပ်ရက်စက်တာပဲ
တ တ တစ်ဘ၀လုံး ချစ် ချစ် ချစ်ကြမယ်ဆိုပြီး
ဖ ဖ ဖ ဘုရားမှာ ဆု ဆု ဆု ဆုပန်တာ
မ မ မ မှတ်မိတော့ဘူးလား
မျက် မျက် မျက်ရည်တွေခန်ပါတော့မယ်
ည ည ညဆို အိပ် လို့ ကို မ ရ ဘူး
စ စ စ စိုင်းစိုင်းရဲ့
ခ ခ ခ ချစ်ခဲ့တာလေးနှစ် အ အ အ အပြစ်မဲ့စွာဝေးလွင့်
ဆို ဆို ဆိုတာကိုပဲ တ တ တ တချိန်လုံးနားထောင်နေတယ်
ဘ ဘ ဘ ဘယ်လိုပဲ ဖြေ ဖြေသိမ့် ဖြေသိမ့်
န န န နောက်ဆုံးတော့ အ အ အ အမှောင်ထဲမှာ
တ တ တ တစ်ယောက်တည်းပဲဟာ
စု စု စု စုဗူးလေးကို ငါ ငါ ငါ ဘာ လုပ် ရ ပါ့ မ လဲ ။

မြေမှုန်လွင်

ထွက်ခဲ့ကြ

အရောင်အဆင်းမတူတဲ့ အရေပြားတွေကြားကနေထွက်ခွာ
ကတ္တရာလမ်းမပေါ်က စကားလုံးတွေနောက်ထပ်ချပ်မကွာလိုက်လာ
လမ်းဆုံးဟာ ဘယ်မှာလဲ
ငါ့ခြေထောက်တွေက အခုချိန်ထိမရပ်ပါ
အိတ်ကပ်ထဲ လက်နှိုက်
ခေါင်းငုံ့ကာ ခဏရပ် ဓါတ်တိုင်အောက်မှာ
သံဆူးကြိုး အမြင့်ကြီးနဲ့ ၀င်းနရံကြားက ကောင်မတွေက အင်မတန်မောက်မာ
ထားလိုက်ပါ ထားလိုက်ပါ နောက်ကြောင်းပြန်ဖို့ရာ စိတ်မပါ
ခေါင်းထဲကို Beat တွေက အလိုလိုရောက်လာ
ခေါင်းကိုလှုပ်
ခံစားချက်တွေ ရိုက်ကာထုတ်
ဒီ Music က မင်းတို့အတွက် လုံးဝမဟုတ်
လမ်းတွေက ပတ်ကြားအက်ကာ စာသားတွေအန်ထုတ်
ဘယ်လိုမှအောင့်မခံနိုင်တဲ့အခါ လေပြင်းတွေက သစ်ရွက်တွေ ခြွေချ
တဖွာလေးရှိုက်ပြီး သွားတဲ့ဆေးလိပ်ပြာကို ခြွေချ
တော်ပါပြီ ဒီညအတွက် ငါ့ရင်ထဲက အခိုးအငွေ့တွေ
လေထုထဲမှာ လွင့်ပျံနေတဲ့ သစ်ပင်တွေ
ငါ့ကို လက်ယပ်ခေါ်နေကြတဲ့ ချစ်သူတွေ
အမှောင်ထဲမှာ လွင့်ပျံလို့ လွတ်လပ်ခြင်းတွေ လွင့်ထူနေ
ဒါဆိုလဲ ဒီနေရာမှာ Full stop ချ
ကာရန်တွေကြားက ရုန်းထွက်ပြီးတော့ ကိုယ့်ဘာသာကိုယ်ပဲ ဆက်လျှောက်မလား
ဒါပေမယ့်မရဘူး စကားလုံးတွေက ငါ့ကို ကုတ်ခြစ်
ထွက်လာတဲ့ သွေးစက်တွေက တီးလုံးတွေကြားမှာ ဆို့နစ်
အရာရာကို ပိတ်ထားပေမယ့်အမှောင်ထုထဲမှာ မြင်နေတယ်
မင်းတို့တွေ ဘာမှမပြောပေမယ့် တိတ်ဆိတ်တဲ့ အသံတွေကြားနေတယ်
ငါထွက်ပြေးနေပေမယ့် ဘယ်အချိန်ကြည့်ကြည့် ဒီနေရာကိုပဲ ရောက်နေတယ်
ကလေးတွေကြောက်နေတယ် ဆရာတွေဂေါက်နေတယ်
ငါတို့တတွေ ဘာကိုယုံကြည်ရမလဲ ဘုရားသခင်ဆိုတာပျောက်နေတယ်
ဘယ်သူမှအဖြေမထုတ်နိုင်တဲ့ ပုစ္ဆာတွေက ငါတို့ ပုခုံးပေါ်ရောက်နေတယ်
တစ်ယောက်ရဲ့ နောက်ကျောကို တစ်ယောက်က ဓါးတွေနဲ့ မွှန်းနေတယ်
အမှန်တရားဆိုတာ မိုးပေါ်က ကျမလာဘူး ဘယ်တော့မှစောင့်မနေနဲ့
ကျည်ဆံတွေ ယမ်းငွေ့တွေကို ဘယ်တော့မှကြောက်မနေနဲ့
သစ္စာယွင်းတဲ့ လမ်းပေါ်ဘယ်တော့မှလျှောက်မနေနဲ့
ထွက်ခဲ့ပါသူငယ်ချင်းတို့
ဒီလမ်းမဟာ ငါတို့တတွေရဲ့ ဘ၀တွေပဲ ။

မြေမှုန်လွင်

မှတ်ချက်။ ။ ဒါမင်းရဲ့ ကဗျာလားလို့မေးရင်
မဟုတ်ပါဘူး တီးလုံးမထည့်ရသေးတဲ့ Hip Hop တစ်ပိုဒ်ပါလို့ဖြေမှာဖြစ်ပြီး
ဒါမင်းရဲ့ Rhyme လားကွလို့ မေးရင်တော့
နိုး . . ဘေဘီ . . ကဗျာတစ်ပိုဒ်လို့ ဖြေမှာဖြစ်တယ် ။