Showing posts with label မောင်သာနိုး. Show all posts
Showing posts with label မောင်သာနိုး. Show all posts

အရူးများကိုရေတွက်ကြည့်ခြင်း

ဒီတစ်ယောက်ကို ဂျက်ကက်ဝတ်ပေးထားရ
ဒီတစ်ယောက်ကို အိမ်ပြန်လွှတ်လိုက်ရတယ်။
ဒီတစ်ယောက်ကို ပေါင်မုန့်နဲ့အသားပေးပေမယ့်
ဘာကိုမှမစားချေဘူး
ဒီတစ်ယောက်ကတော့ နိုးနိုးနိုးနိုးအော်နေ
တစ်နေကုန်ပါပဲ
ဒီတစ်ယောက် ပြတင်းပေါက်ကိုကြည့်နေတယ်
နံရံဖြစ်နေတဲ့အတိုင်းပဲ။
ဒီတစ်ယောက်အဲဒီမှာမရှိတာတွေ မြင်နေတယ်
ဒီတစ်ယောက်ရှိတာတွေကို။
ဒီတစ်ယောက်ကတော့ နိုးနိုးနိုးနိုးအော်နေ
တစ်နေကုန်ပါပဲ။
ဒီတစ်ယောက် သူ့ကိုယ်သူငှက်လို့ထင်တယ်
ဒီတစ်ယောက်ကတော့ ခွေး။
ဒီတစ်ယောက်သူ့ကိုယ်သူ လူလို့ထင်နေတယ်
သာမန်လူပါပဲ တဲ့။
ပြီး နိုးနိုးနိုးနိုးအော်ပြီးရင်း အော်နေ
တစ်နေကုန်ပါပဲ။

Counting the mad
Donal Justic
မြန်မာပြန်မောင်သာနိုး