Showing posts with label ပန်ဒိုရာ. Show all posts
Showing posts with label ပန်ဒိုရာ. Show all posts

ကျွန်မတင်ပါးသို့ ဂါရဝ


အဲဒီတင်ပါးတွေဟာ အကြီးကြီးတွေ
ဟိုဒီလှည့်ပတ်လှုပ်ယမ်းဖို့
နေရာလပ် လိုတယ်
သေးသေးနုတ်နုတ် ပိစိပေါက်စ နေရာတွေမှာ
အဲဒီတင်ပါးတွေ မဆန့်ဘူး အဲဒီတင်ပါးတွေဟာ
လွတ်လပ်တဲ့ တင်ပါးတွေ
သူတို့ကို ဆုပ်ကိုင်ထားတာကို မကြိုက်ဘူး
အဲဒီတင်ပါးတွေဟာ တစ်ခါမှ ကျွန်ပြုမခံဖူးဘူး
သူတို့သွားချင်ရာကိုသွားတယ်
သူတို့လုပ်ချင်ရာကိုလုပ်တယ်
ဧရာမတင်ပါးတွေ
ပဉ္စလက်တင်ပါးတွေ
အဲဒီတင်ပါးတွေနဲ့
ယောက်ျားတစ်ယောက်ကိုပြုစားပြီး
ဂျင်တစ်လုံးလို မွှတ်နေအောင် လှည့်ပစ်လိုက်ဖို့
ကျွန်မသိပြီးသား။

လူစီးလ် ကလစ်ဖ်တန်

အမေရိကန် ကဗျာဆရာမ Lucille Clifton (၁၉၃၆-၂၀၁၀) ၏ homage to my hips ကို ပန်ဒိုရာ ဘာသာပြန်သည်။