ပင်လယ်ဆီက
လုယူခဲ့တဲ့နှင်းဆီနက်တွေပါ
အသိရခက်လိုက်ပုံများ
တမ်းတရတော့လည်း ဒီရနံ့
ကြေကွဲရတော့လည်း ဒီရနံ့
မက်မောရတော့လည်း ဒီရနံ့
ခရီးတွေဆန့်
နေရာနှံ့အောင်ကြဲဖြန့်ပြီးခါမှ
တသသ လွမ်းနေရပြန်တော့
မုန်တိုင်းဟန်ဆောင်ပြီး
ပင်လယ်ကိုပဲ လှိုင်းထန်အောင်
ပြန်ပြန်ရန်စမိတယ်လေ။ ။
စန်းဦး
Showing posts with label စန်းဦး. Show all posts
Showing posts with label စန်းဦး. Show all posts
တရားများ
ဘယ်လိုအရာတွေများ
ကျွန်တော် မျှော်လင့်ရပါ့မလဲ
.... တွေးရင်း
ဘယ်လိုကိစ္စကိုများ
အသင် ပြုလုပ်လိုက်ခဲ့လျှင် . .
အင်း . . စိုးရိမ်မိပြန်သပေါ့။
ထိုသူတစ်ယောက် အလိုကတော့
အသင့်ကိစ္စက အောင်မြင်သွားပြီး
ကောင်းကောင်းဆိုးဆိုး
ကျွန်တော် မျှော်လင့်လိုက်ဖို့ပဲလို့ တရားချ
ဒီလိုဖြင့်
ကျွန်တော်က ဒီနေ့လား
အသင်က ဒီနေ့လား
နေ့တိုင်းဟာ တနင်္လာပဲဆို
ကျွန်တော်က အင်္ဂါလား
အသင်က အင်္ဂါလား
တို့များ ရှင်ခွင့်သာမယ် ဆိုတော့ရော
ထိုသူ ဗုဒ္ဓဟူးမှာ ရှိမလား။
စန်းဦး
ရုပ်ရှင်တေးကဗျာ ။ သြဂုတ် ။ ၂၀၀၆
ကျွန်တော် မျှော်လင့်ရပါ့မလဲ
.... တွေးရင်း
ဘယ်လိုကိစ္စကိုများ
အသင် ပြုလုပ်လိုက်ခဲ့လျှင် . .
အင်း . . စိုးရိမ်မိပြန်သပေါ့။
ထိုသူတစ်ယောက် အလိုကတော့
အသင့်ကိစ္စက အောင်မြင်သွားပြီး
ကောင်းကောင်းဆိုးဆိုး
ကျွန်တော် မျှော်လင့်လိုက်ဖို့ပဲလို့ တရားချ
ဒီလိုဖြင့်
ကျွန်တော်က ဒီနေ့လား
အသင်က ဒီနေ့လား
နေ့တိုင်းဟာ တနင်္လာပဲဆို
ကျွန်တော်က အင်္ဂါလား
အသင်က အင်္ဂါလား
တို့များ ရှင်ခွင့်သာမယ် ဆိုတော့ရော
ထိုသူ ဗုဒ္ဓဟူးမှာ ရှိမလား။
စန်းဦး
ရုပ်ရှင်တေးကဗျာ ။ သြဂုတ် ။ ၂၀၀၆
Subscribe to:
Posts (Atom)