ဗဟုသုတ

ကမ္ဘာကြီးကို ကိုင်လှုပ်လိုက်တဲ့ ပန်းသီးသုံးလုံးရှိတယ်
အာဒမ်ရဲ့ ပန်းသီး
နယူတန်ခေါင်းပေါ် ကြွေကျခဲ့တဲ့ ပန်းသီး
စတိဗ်ဂျော့ တစ်ကိုက်ကိုက်ထားတဲ့ ပန်းသီး

ကမ္ဘာကြီးကို တော်လှန်ခဲ့တဲ့ ဂျုးသုံးယောက်ရှိတယ်
ခရစ်တော်၊ကားလ်မတ်စ်နဲ့ အိုင်းစတိုင်း

မမေ့ကောင်းစရာ အဖြစ်အပျက်သုံးခုရှိတယ်
ယေရှုခရစ်၊ တိုက်တန်းနစ် နဲ့ အမေရိကန်ပြည်တွင်းစစ်

ကမ္ဘာကြီးတစ်ခုလုံး လုံးသိပ်ထည့်ထားမဟဲ့လို့
အကြံကြီးနေတဲ့ အရူးလွယ်အိတ်သုံးလုံးရှိတယ်

တစ်လုံးကို ငါ လွယ်ထားတာ
ဒုတိယအလုံးက သူ့ပခုံးပေါ်မှာ
နောက်ဆုံးအလုံးက
ဒီကဗျာကို ဖတ်လို့ပြီးခါနီးမှ
ရှက်ရှက်နဲ့ မင်း ဖြုတ်ချလိုက်တာ ။

ကိုသန်းထွန်း

No comments:

Post a Comment