ဖခင်သေမင်း ဘလူး(စ်)တေး
ဟေး ဖခင်သေမင်း ကျွန်တော် ပျံသန်းလာနေပြီ
ဟေး ဆင်းရဲသားကြီး ခင်ဗျားတစ်ယောက်ထီးတည်း
ဟေး ဖေဖေအိုကြီး ကျွန်တော် ဘယ်သွားနေတယ်ဆိုတာ သိပါတယ်
ဒေါ်ကြီးသေမင်း ခင်ဗျား အရိုးတွေကို ဖုံးမနေပါနဲ့
ဦးလေကြီးသေမင်း ခင်ဗျားညည်းသံကို ကြားနေရဲ့
အို အစ်မသေမင်း နင့် ညည်းညူသံ ချိုသကွဲ့
အို ကလေးငယ်သေမင်းတို့ မင်းတို့ အသက်ရှူသံတွေကို သွားရှူကြ
ရှိုက်ငိုနေတဲ့ ရင်သားတွေက မင်းတို့သေခြင်းကို သက်သာစေမယ်ကွ
နာကျင်မှု မရှိတော့၊ မျက်ရည်နဲ့အတူ ပါသွားကြ
ပါရမီရှင်သေမင်း သင့် အနုပညာ ပြီးသွားပေါ့
ချစ်သူသေမင်း မင့်ခန္ဓာကိုယ် မရှိတော့
အဖေသေမင်း ကျွန်တော် အိမ်ပြန်လာနေပေါ့
ဂုရုသေမင်း ခင်ဗျာ့စကားတွေ မှန်တယ်
ဆရာသေမင်း ကျေးဇူးအထူးတင်ပါတယ်
ဒီ ဘလူး(စ်)ကို ဆိုအောင်နှိုးဆွခဲ့လို့ရယ်
ဗုဒ္ဓသေမင်း အရှင်ဘုရားကြောင့် တပည့်တော်နိုးကြားတယ်
ဓမ္မသေမင်း သင့်စိတ်ဟာ အသစ်ဖြစ်ပေတယ်
သံဃသေမင်း ငါတို့ အစအဆုံး ဖြစ်အောင်လုပ်ကြမယ်
ဇာတိဟာ ဒုက္ခပဲ
မောဟက ငါ့ကို ခိုကိုးရာမဲ့စေရဲ့
မျက်ရည်ပြည့်အမှန်တရားတွေကို ငါ မရှုံချနိုင်ခဲ့
ဖခင်အသက်ရှူခြင်း တစ်ကြိမ်ထပ်ပြီး နှုတ်ဆက်ပါမည်
သင်ပေးခဲ့တဲ့ မွေးဖွားခြင်းသည် မကောင်းတဲ့အရာ မဟုတ်လေပြီ
အချိန်က ပြောကြားလာသည့်အတိုင်း ငါ့နှလုံးသား ငြိမ်သက်သွားခဲ့ပြီ ။
Allen Ginsberg
ဘာသာပြန် - ညီမွန်
ကဗျာ့အသံအစီအစဉ် ၁ မှ
Labels: Allen Ginsberg, ညီမွန်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home