တနင်္ဂနွေ

ဘတ်စ်မှတ်တိုင်မှာ ဟာလာဟင်းလင်း
လမ်းပေါ်မှာ ယာဉ်အသွားအလာရှင်းလို့
ဘုရားကျောင်းက ခေါင်းလောင်းသံ
ကြည်နူးဖွယ်ရာ လွင့်ပျံဆဲ။

နာနတ်သီးတစ်စိတ်
စီးကရက်တစ်လိပ်နဲ့
အရိပ်ကောင်းကောင်း သစ်ပင်အောက်မှာ
ဘာဇောမှ ကပ်ငြိမှုမရှိ
တစ်ယောက်တည်း အေးချမ်းမှုအတိ။

ရက်သတ္တတစ်ပတ်မှာ
တစ်ရက်သာရတဲ့ အခွင့်အရေး
ဘုရားသခင်ပေးသလား
ကျေးဇူးတော်အနန္တ
ဘ၀ရဲ့ အရေးကြီးဆုံးနေ့တွေထဲက
အရေးကြီးဆုံးနေ့
ပြက္ခဒိန်မှာ အနီရောင်နဲ့ ပုံနှိပ်ထားတဲ့နေ့။

လှသန်း

No comments:

Post a Comment