မင်းနဲ့ငါ ( ၂ )
မင်းရဲ့ ရာဇ၀င်က
ပင့်ကူမျှင်တွေနဲ့
ငါရဲ့ ရာဇ၀င်က
ကြယ်စင်တွေနဲ့ ။
မင်းရဲ့ ငှက်က ကျီးကန်း
ငါ့ရဲ့ ငှက်က စွန်ရဲ ။
မင်းရဲ့ ဓားက
ကိုယ့်တပ် ကိုယ်ပြန်ခုတ်ဖို့
ငါ့ရဲ့ဓားက
ရန်သူရဲ့ သွေးကို သောက်ဖို့ ။
မင်းနဲ့ငါ
လူကို ကြည့်ပုံချင်း မတူဘူး
မြွေကို မြင်ပုံချင်း မတူဘူး
တစ်ခုခုကို စောင့်ပုံချင်း မတူဘူး ။
အခု
မင်းရဲ့ သွေးနားထင်ရောက်မှုက
ငါ့ ခြေထောက်ပေါ်က ရေကြည်ဖုကလေးမျှ ။
မိုဃ်းဇော်
Labels: မိုဃ်းဇော်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home