ရွှေနှင့်အိပ်စက်

နွေဦးအမွန်
ရွှေရည်သွန်ချ ၊ ရွက်ချွန်ကော့လိပ်
ရွှေနှင့်အိပ်စက် ၊ ရွှေစက်ရွှေပြောက်
ဝေဖူးချိုသင်း ၊ ရွှေအဆင်းနှင့်
ပန်းမင်းပိတောက် ၊ ပြတင်းပေါက်မှာ
ရောက်ရှာပြီကော ၊ ရွှေဥသြက
ခွန်းဆင့်သခဲ့
တလောကလုံး ရွှေရည်သွန်း…။

မောင်ချောနွယ်
၂၁ ၊ ဖေဖော်ဝါရီ ၊ ၁၉၉၂

No comments:

Post a Comment