ခေါင်းဖြတ်ကြတဲ့နှစ်
စိတ်နဲ့တောင် မပစ်မှားနဲ့ ဆိုတဲ့နှစ်
ပိုင်ရှင်မဲ့ အလောင်းများလို
ပိုင်ရှင်မဲ့ မိန့်ခွန်းစာရွက်တွေ ဖတ်ခဲ့ရတဲ့နှစ်
လွတ်လပ်ရေးကျောက်တိုင်ကို လုံခြုံရေး ချထား
ဘုရားစင်ပေါ် ဂျင်ကလိ ဖွက်ထား
ထမင်းဝအောင် စားထား
"ဆန်တစ်ပြည် ဆယ်ပြား
ဘယ်သူ သေမှစား" ဆိုလား
ငါတို့ငယ်ငယ်
မင်းလည်း အသက်မပြည့်ပဲ သေရတယ်
ငါလည်း အသက်မပြည့်ပဲ ငှက်ကြီးတောင်ဓားကို မြင်ဖူးခဲ့တယ်
ကြည်ဇော်အေး
No comments:
Post a Comment