အက်ဒီမာဖီကို သတိတရ


'အလကား ငေါင်နေမယ့်အစား
ရယ်နေတာ မကောင်းဘူးလား’
အဲဒီငှက်ပျောခွံကိုမှ
ငါ တက်နင်းမိတယ်။

ဟုတ်ပါတယ်
ငါ ငေါင်နေတာ
ဟုတ်ပါတယ်
ငါငူနေတာ။

ဟုတ်ပါတယ်
ဟောဒီမှာ ၀ါးလုံးကွဲရယ်စရာ
ဟောဒီမှာ ဟာသလက်ရွေးစင်။

ရယ်စရာတွေမှ ကားတစ်စီးတိုက်
ရယ်စရာတွေမှ အဆုပ်လိုက်၊ အခိုင်လိုက်။

ဟုတ်ပါတယ်
ငါရယ်ဖို့ခက်နေရဲ့
ငါရယ်ဖို့မေ့နေရဲ့။

နေပါဦး
ငါတို့နေ့တွေက ရယ်စရာကောင်းလို့လား
ငါတို့နှစ်တွေကရော ရယ်စရာ ဖြစ်လို့လား။

နေပါဦး
ငါ ဘယ်လိုရယ်ရမလဲ
အက်ဒီ။

အိုအောင်

No comments:

Post a Comment