အခု
လရောင်ကို မော့မကြည့်ရဲဘူး။
ဖူးကြ၊ ပွင့်ကြ၊ ကြွေကြ
သူလည်း သူ့နှလုံးသားနဲ့ သူ
ငါလည်း ငါ့အနုပညာနဲ့ ငါ။
မတော်တဆတွေကပဲ ကမ္ဘာကို ပြောင်းလည်းခဲ့
ငါ့ကိုလည်း ပြောင်းလည်းခဲ့
ပြောင်းလည်းသမျှ ဦးညွှတ်ဖို့ ကျတော့
ငါ အခု
လရောင်ကို မော့်မကြည့်ရဲတာ ဆန်းသလား။
သူ့ကို ချစ်သလို
ငါ့ကိုလည်း ချစ်ကြပါ၊
မထင်ပါနဲ့
တပ်မက်မှုတွေက
အဆုပ်လိုက် အခိုင်လိုက်
ညွတ်လို့။
ညွတ်ကျလာတဲ့ လရောင်မှာ
ငါ့ကို ချစ်သလို သူ့ကိုလည်း ချစ်ကြပါ။
ထူထူပျစ်ပျစ် နံနက်ခင်းရောက်လာ
ငါလည်း
အမှားအကျိုး ဆောင်သူပါ။ ။
ပြေမြင့်
ပင်လယ် စာပေနှင့်အနုပညာ မဂ္ဂဇင်း
အတွဲ၂ အမှတ် ၃ (၁၉၉၃ ခုနှစ်)
No comments:
Post a Comment