အချစ် (၂)
ယာဉ်သွားယာဉ်လာများတဲ့ လမ်းမပေါ်
အစာကောက်နေရသလို
မင်းအငွေ့အသက်က အန္တရာယ်များလွန်းတယ်
ဆာလောင်လွန်းလို့ အဆစ်တွေပြုတ်ထွက်ကုန်ပြီ
ငှက်အော်သံကလေး အစာအိမ်ထဲ ကျလာတယ်
အစာအိမ်ထဲက အပြာရောင်မီးခိုးငွေ့တွေ ထွက်လာတယ်
အသည်းနှလုံးက အစာအိမ်နေရာရောက်ပြီး
အစာအိမ်က အသည်းနှလုံးနေရာရောက်ကာ ခုန်နေတယ်
ဆာလွန်းလို့ ဘယ်ကိုမှ မရောက်တော့ဘူး
ငါက ကော်ဖီဆိုင်ကလေးကို မျက်လုံးနဲ့ရွှေ့ပြီး မင်းဆီ တွန်းပို့တယ်
မင်းက ဓာတ်ကြိုးတန်းပေါ် ဓာတ်လိုက်ပြီး
တွဲလောင်းသေနေတဲ့ လင်းဆွဲတစ်ကောင်လို ငါ့ကိုပြန်ကြည့်တယ်
ဂရုဏာဆိုတာ အချစ်ပေါ်တင်ထားတဲ့
ကိတ်မုန့်ပေါ်က မလိုင်ဖတ်ကလေးလို့ မင်းမသိဘူးပေါ့။
ငါက နေ့လည်စာ အခုထိ မစားခဲ့ရသေးဘူးလို့ ပြောပြီး ရီ(ရယ်)တယ်
မင်းက ၀ယ်လာတဲ့ ရေမွှေးပုလင်းအသစ်ကလေး ကျကွဲသွားတယ်လို့ ပြောပြီး ငိုတယ်။ ။
မောင်ဖီလာ
Beauty Magazine – ၂၀၀၅
Labels: မောင်ဖီလာ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home